ဂျပန်လူမျိုးဆရာဝန်နှင့်ဝန်ထမ်းများမှ နွေးထွေးစွာကြိုဆိုပါသည်။
စမ်းသပ်ကုသချိန်
စမ်းသပ်ကုသချိန် (ကြိုတင်ရက်ချိန်းယူစနစ်ဖြစ်ပါသည်)
08:00 - 15:30,  Sat 08:00 - 11:00
Mon Tue Wed Thu Fri Sat Sun
A.M
P.M
ဆရာဝန် ဆရာ အိနော့အုအဲ၊ မြန်မာလူမျိုးဆရာဝန်
ဆေးခန်းပိတ်ရက် စနေညနေပိုင်း၊ တနင်္ဂနွေနှင့် အခြားမြန်မာနိုင်ငံအစိုးရရုံးပိတ်ရက်များ
*ပညာရေးဆွေးနွေးပွဲများ၊ သုတေသနအစီအစဥ်များအရ ဆေးခန်းပိတ်ခြင်း သို့မဟုတ် အချိန်ပြောင်းလဲခြင်းနှင့် တာဝန်ခံဆရာဝန်ပြောင်းလဲခြင်းများရှိနိုင်ပါသည်။
ဖုန်းနံပါတ်  : 01-502776
TEL.FAX  : 01-502876
ဆေးကုသစရိတ်ပေးချေခြင်း
1.  နိုင်ငံရပ်ခြားခရီးသွားအာမခံ အာမခံလက်မှတ်နှင့် နိုင်ငံကူးလက်မှတ်ပြပေးရပါမည်။
သို့ရာတွင် အောက်ဖော်ပြပါအခြေအနေများတွင် နိုင်ငံရပ်ခြားခရီးသွားအာမခံနှင့်အကြုံးမဝင်သည့်အတွက် အသုံးပြုမည်ဆိုလျှင် သက်ဆိုင်ရာအာမခံကုမ္ပဏီသို့ စုံစမ်းမေးမြန်းပါ။
ဥပမာ- ၁။ စတင်စစ်ဆေးကုသမှုခံယူသည့်ရက်၊ ထိခိုက်မှုဖြစ်ပွားသည့်ရက်မှ ရက်ပေါင်း ၁၈၀ ထက်ကျော်လွန်နေသည့် ရောဂါ၊ ထိခိုက်ဒဏ်ရာများအတွက် ဆက်တိုက်ဆေးကုသမှု
၂။ ဖြစ်ခဲ့ဖူးသောရောဂါ (အာမခံကာလမစတင်မီတွင် ဖြစ်ပွားခဲ့သော ရောဂါ၊ ထိခိုက်ဒဏ်ရာများကုသခြင်း)
2.  ခရက်ဒစ်ကဒ်တွင်ပါဝင်သည့် နိုင်ငံရပ်ခြားခရီးသွားအာမခံ ဆေးရုံမလာမီ လူနာကိုယ်တိုင် ကဒ်ကုမ္ပဏီ (သို့မဟုတ် အာမခံကုမ္ပဏီ)သို့ အကြောင်းကြားပြီး Cashless ဝန်ဆောင်မှုရယူနိုင်ခြင်းရှိမရှိ အတည်ပြုစစ်ဆေးပေးပါ။
(ခရက်ဒစ်ကဒ်တွင်ပါဝင်သည့် နိုင်ငံရပ်ခြားခရီးသွားအာမခံသည် ဂျပန်နိုင်ငံမှထွက်ခွာပြီး ရက်ပေါင်း ၉၀ အတွင်း ရောဂါ၊ ထိခိုက်ဒဏ်ရာကုသမှုများအတွက်သာ အသုံးပြုနိုင်ပါသည်)
3.  မြန်မာနိုင်ငံမှ အာမခံ
အသုံးမပြုနိုင်ပါ၍ လက်ငင်းငွေ သို့မဟုတ် ခရက်ဒစ်ကဒ်ဖြင့်ပေးချေပေးပါ။
4.  ငွေသားဖြင့်ပေးချေခြင်း
မြန်မာကျပ်ငွေဖြင့်ပေးချေရပါမည်။
5.  ခရက်ဒစ်ကဒ်ဖြင့်ပေးချေခြင်း
VISA, Master, JCB, MPU ကဒ်များအသုံးပြုနိုင်ပါသည်။
6.  ဂျပန်နိုင်ငံသို့ပြန်ပြီးနောက် ကျန်းမာရေးအာမခံဖြင့် ပြန်အမ်းငွေလျှောက်ထားမည့်သူများ ဧည့်ကြိုကောင်တာတွင် ပြောပြထားပေးပါ။

TOP