ကျန်းမာရေးစစ်ဆေးမှု၊ အလုံးစုံကျန်းမာရေးစစ်ဆေးမှု(Dock)
နောက်ဆုံးပေါ်ခေတ်မီစက်ကိရိယာများနှင့် ကျွမ်းကျင်နည်းပညာများဖြင့်
စိတ်ချယုံကြည်ရသည့် ကျန်းမာရေးစစ်ဆေးမှုကို အချိန်တိုအတွင်းလုပ်ဆောင်နိုင်ပါသည်
အကြောင်းအရာ
ကျန်းမာရေးစစ်ဆေးမှုမှ အလုံစုံကျန်းမာရေးစစ်ဆေးမှု (Dock) အထိ ဆန္ဒရှိသည့်အတိုင်းတွဲစပ်စစ်ဆေးမှုများလည်း လုပ်ဆောင်ပေးပါသည်။
ရွေးချယ်စစ်ဆေးမှုများ (Optional) လည်းထပ်ပေါင်းလုပ်ဆောင်နိုင်သည့်အတွက် ပွင့်လင်းစွာဆွေးနွေးတိုင်ပင်နိုင်ပါသည်။
ကျန်းမာရေးစစ်ဆေးမှု၊ အလုံးစုံကျန်းမာရေးစစ်ဆေးမှု(Dock)နမူနာ
Prematue Basic pre employ DM Happy General Exclusive Premium
70,500 109,500 160,500 93,000 108,500 189,500 420,500 788,500
ကျန်းမာရေးအခြေအနေ
စမ်းသပ်စစ်ဆေးခြင်း
ဖြစ်ခဲ့ဖူးသောရောဂါများ၊ ကိုယ်တိုင်ခံစားနေရသည့်ရောဂါလက္ခဏာများ၊
အခြားသူအနေနှင့် မြင်တွေ့ရသည့်ရောဂါလက္ခဏာများ
ဆရာဝန်မှ
စမ်းသပ်စစ်ဆေးခြင်း
ရောဂါရာဇဝင်မေးမြန်းခြင်း။
သာမန်စမ်းသပ်စစ်ဆေးခြင်း၊ နားကြပ်ဖြင့်စမ်းသပ်ခြင်း၊ ကြည့်ရှု့စမ်းသပ်ခြင်း။
စစ်ဆေးချက်အဖြေများရှင်းပြခြင်း၊ကျန်းမာရေးနှင့်ညီညွှတ်သောနေထိုင်စားသောက်မှုပုံစံများကိုညွှန်ပြခြင်း။
အရပ်နှင့် ခန္ဓာကိုယ်
အလေးချိန်တိုင်းခြင်း
အရပ်၊ ခန္ဓာကိုယ်အလေးချိန်၊ BMI (Body Mass Index)
ခါးပတ်လည်
မျက်စိစမ်းသပ်စစ်ဆေးခြင်း မြင်နိုင်စွမ်းအား (၅ မီတာအကွာမှ မျက်မှန်မပါပဲကြည့်ခြင်း၊ မျက်မှန်ထည့်၍ကြည့်ခြင်း)
မျက်လုံးရေချိန်တိုင်းတာခြင်း။
မျက်စိအမြင်လွှာဓါတ်ပုံရိုက်ခြင်း(နှစ်ဖက်စလုံး)။
အကြားအာရုံ
စမ်းသပ်စစ်ဆေးခြင်း
Audiometer
သွေးပညာဗေဒဆိုင်ရာ
စမ်းသပ်စစ်ဆေးခြင်း
သွေးနီဥအရေအတွက်၊ ဟေမိုဂလိုဘင်ပမာဏ၊
သွေးဖြူဥအရေအတွက်၊ Hematocrit၊ MCV၊ MCH၊ MCHC၊ Blood Platelet Count
WBC diff
အဆီဓါတ်ဇီဝကမ္မဖြစ်စဥ်
(Lipid Metabolism)
ကိုလက်စထရောစုစုပေါင်းပမာဏ။
Triglyceride
HDL ကိုလက်စထရော (ကောင်းသောအဆီ)ပမာဏ။
LDL ကိုလက်စထရော (မကောင်းသောအဆီ)ပမာဏ။
အသည်းလုပ်ဆောင်ချက် AST・ALT
γ-GTP
ပရိုတင်းပမာဏ၊Albumin, A/G Ratio
Total Bilirubin, Alkaline Phosphatase (ALP)
Direct Bilirubin
အီလက်ထရိုလိုက်
(Electrolytes)
Sodium, Potassium, Chlorine
Calcium, Phosphorus Calcium
Phosphorus
ကျောက်ကပ်
လုပ်ဆောင်ချက်
Creatinine, eGFR
Uric Acid (ဂေါက်ရောဂါစစ်ဆေးခြင်း)။
ပန်ကရိယလုပ်ဆောင်ချက် အစာခြေရည်
(Serum Amylase)
သကြားဓါတ်ဇီဝကမ္မဖြစ်စဥ် အစာမရှိချိန် သွေးတွင်းသကြားဓါတ်
HbA1c
သိုင်းရွိုက်ဂလင်း
လုပ်ဆောင်ချက်
သိုင်းရွိုက်ဟော်မုန်းဓါတ်စစ်ဆေးခြင်း။
Tumor Marker (ကင်ဆာရှိ/မရှိ စစ်ဆေးခြင်း) AFP
CEA
CA19-9
CA125 (အမျိုးသမီးများသာ)
PSA (အမျိုးသားများသာ)
Serodiagnosis (ကူးစက်ရောဂါ စစ်ဆေးခြင်း) ကာလသားရောဂါပိုးစစ်ဆေးခြင်း(RPR၊ TPHA)
အသည်းရောင်အသားဝါ ဘီပိုး(HBsAg)
အသည်းရောင်အသားဝါ စီပိုး(Anti HCV)
HIV စစ်ဆေးခြင်း။
ဆီးစစ်ခြင်း ဆီးတွင်းPH၊ ပရိုတင်း၊သကြား၊သွေး ပါဝင်မှုစစ်ဆေးခြင်း။
Urine sediment
Cardiovascular test Blood pressure
ECG(အေးဆေးတည်ငြိမ်သည့်အခြေအနေ)
နှလုံးခုန်နှုန်း
အသက်ရှုလမ်းကြောင်း ရင်ခေါင်းပိုင်းဓါတ်မှန်
အဆုတ်လုပ်ဆောင်ချက်
အစာခြေစနစ်
စမ်းသပ်စစ်ဆေးခြင်း
အစာအိမ်အူလမ်းကြောင်းအပေါ်ပိုင်းမှန်ပြောင်းကြည့်ခြင်း
အစာအိမ်အူလမ်းကြောင်းအောက်ပိုင်းမှန်ပြောင်းကြည့်ခြင်း option
Rapid Urease Test
ဝမ်းတွင်းသွေးပါဝင်မှုစစ်ဆေးခြင်း
အာလ်ထရာဆောင်း
ရိုက်ခြင်း
ဝမ်းဗိုက်ပိုင်းအာလ်ထရာဆောင်းရိုက်ခြင်း(သည်းခြေ၊ အသည်း၊ ပန်ကရိယ၊ ကျောက်ကပ်၊ သရက်ရွက်) option
အရိုးသန်မာမှု
စစ်ဆေးခြင်း
အာလ်ထရာဆောင်းဖြင့်အရိုးသိပ်သည်းဆစစ်ဆေးခြင်း
Inflammation Test ESR (Erythrocyte Sedimentation Rate)
CRP
Blood Type သွေးအုပ်စုစစ်ဆေးခြင်း။
စမ်းသပ်စစ်ဆေးမှုလုပ်ဆောင်ခြင်းအဆင့်များ
စာရင်းပေးသွင်းခြင်း၊ မေးမြန်းစမ်းသပ်ခြင်း ဧည့်ကြိုကောင်တာတွင် အမည်မေးမြန်းပါမည်။ မေးခွန်းစာရွက်တွင် ဖြည့်သွင်းပေးရပါမည်။ ဘိုကင်လုပ်ထားခြင်းအား သေချာစွာစစ်ဆေးပါမည်။ ကျန်းမာရေးစစ်ဆေးခြင်းပြီးဆုံးမှ ကျသင့်ငွေပေးချေရပါမည် အခန်းတွင်းစီးဖိနပ်သို့ ပြောင်းစီးရပါမည်။
အဝတ်လဲခြင်း (အလုံးစုံကျန်းမာရေးစစ်ဆေးမှု(Dock)အတွက်သာ) လဲလှယ်ဝတ်ဆင်ရမည့်အဝက်များကို အဝတ်လဲခန်း၏ အရှေ့စင်ပေါ်တွင်ထားရှိပါသည်။ Locker သော့အား မိမိကိုယ်တိုင်ယူဆောင်ထားပါ။
စောင့်ဆိုင်းခန်း စောင့်ဆိုင်းခန်းသို့ ဝင်သွားလျှင် လမ်းညွှန်တာဝန်ခံမှ လမ်းညွှန်ပေးပါမည်။ နာမည်ခေါ်သည်အထိ ထိုင်ခုံတွင်ထိုင်စောင့်ပေးပါ။
သွေးဖိအားတိုင်းခြင်း၊ သွေးဖောက်ယူခြင်း
  • သွေးဖိအားတိုင်းခြင်း သက်တောင့်သက်သာခံယူပါ။
  • သွေးဖောက်ယူခြင်း Tube ၃ ချောင်းစာ (၁၁ - ၁၆ မီလီလီတာခန့်) သွေးယူပါမည်။ (သွေးစစ်ဆေးမှုတွင်ပါဝင်သည့်အမျိုးအစားပေါ်မူတည်၍ သွေးယူသည့်ပမာဏ အပြောင်းအလဲရှိပါသည်) ဆီးထည့်ရန်ဘူး၊ ဝမ်းထည့်ရန်ဘူးများကို ကြိုတင်ပေးထားမည်ဖြစ်သောကြောင့် ကျန်းမာရေးစစ်ဆေးမည့်နေ့တွင် တစ်ပါတည်းယူဆောင်လာပေးရပါမည်။
တိုင်းတာခြင်း အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ အဆီပမာဏ၊ အမြင်အာရုံ၊ အကြားအာရုံစစ်ဆေးခြင်းများပြုလုပ်ပါမည်။ အရပ်အမြင့်တိုင်းရာတွင် အဆီပမာဏတိုင်းတာခြင်းလည်းပါဝင်နေသည့်အတွက် ခြေအိတ်ချွတ်ပြီး စစ်ဆေးပါမည်။ နှလုံးစက်(Pacemaker)တပ်ထားသူများ တာဝန်ခံသို့ ကြိုတင်ပြီး ပြောပြပေးပါ။
အဆုတ်လုပ်ဆောင်ချက်စစ်ဆေးခြင်း အဆုတ်၏လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးပါမည်။ ပညာရှင်၏ညွှန်ကြားချက်အတိုင်း စစ်ဆေးခြင်းလုပ်ဆောင်ရပါမည်။
ECG ရိုက်ခြင်း လက်ကောက်ဝတ်၊ ခြေကျင်းဝတ်နှင့် ရင်ခေါင်းပိုင်းတွင် လျှပ်စစ်စုပ်ခွက်လေးများတပ်ဆင်ပြီး စစ်ဆေးပါမည်။ နှလုံးအခြေအနေအား လှိုင်းပုံစံဖြင့် မှတ်တမ်းရယူပါမည်။ ခြေလက်များတွင် အားမထည့်ပဲ သက်တောင့်သက်သာနေပေးပါ။
မျက်လုံးအခြေ(Funduscopy)စစ်ဆေးခြင်း
မျက်လုံးအတွင်း (မြင်လွှာ)၏သွေးကြောများကို ပုံရိပ်ရိုက်ယူပါမည်။ ဒစ်ဂျစ်တယ်မျက်လုံးကြည့်ကင်မရာကိုအသုံးပြုထားသည့်အတွက် ယခင်အသုံးပြုကြသည့် Polaroid Fundus ကင်မရာထက် Flash အားလျော့သွားပြီး မျက်လုံးတွင်းပုံရိပ်စွဲကျန်မှုမရှိပါ။ မျက်ကပ်မှန်တပ်ဆင်ထားလျှင် ဖြုတ်ရမည်ဖြစ်၍ ထည့်စရာဘူးယူလာပေးပါ။
မျက်လုံးတွင်းဖိအားစစ်ဆေးခြင်း မျက်လုံးတွင်းဖိအားကိုတိုင်းတာပြီး ရေတိမ်ရှိမရှိစစ်ဆေးပါမည်။ မျက်ကပ်မှန်တပ်ဆင်ထားလျှင် ဖြုတ်ရမည်ဖြစ်၍ ထည့်စရာဘူးယူလာပေးပါ။
ဝမ်းဗိုက်ပိုင်းအာလ်ထရာဆောင်းရိုက်ခြင်း အာလ်ထရာဆောင်း(Echo)အသုံးပြုပြီး ဝမ်းဗိုက်ပိုင်းစမ်းသပ်စစ်ဆေးမှုပြုလုပ်ပါမည်။ ဝမ်းဗိုက်ပိုင်းအား ပူနွေးသည့်ဂျယ်လီသုတ်လိမ်းပြီး အသက်ရှူပုံထိန်းညှိရင်း စမ်းသပ်စစ်ဆေးပါမည်။
ရင်ခေါင်းပိုင်း X-Rayရိုက်ခြင်း ဆွဲကြိုးစသည့် အဆင်တန်ဆာများ ချွတ်ထားပေးပါ။
အစာအိမ်မှန်ပြောင်းကြည့်ခြင်း နှာခေါင်း (သို့မဟုတ်) လည်ချောင်းအတွင်းသို့ ထုံဆေးဖြန်းပြီး ခန္ဓာကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် အစာပြွန်၊ အစာအိမ်၊ အူသိမ်ပိုင်းအား ပုံရိပ်ရိုက်ယူစစ်ဆေးပါမည်။ လူဦးရေကန့်သတ်ချက်ရှိပါ၍ ရက်ချိန်းရယူချိန်တွင် ကြိုတင်ပြောပြပေးပါ။
အထွေထွေစမ်းသပ်ခြင်း ဆရာဝန်မှ မေးမြန်းခြင်း၊ နားကြပ်ဖြင့်စမ်းသပ်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပါမည်။ ထို့အပြင် စမ်းသပ်မှုခံယူသည့်နေ့တွင်ပင် နေ့ချင်းရနိုင်သည့် စစ်ဆေးမှုရလဒ်များကိုလည်း ရှင်းပြပါမည်။
အဝတ်လဲခြင်း အဝတ်အား အဝတ်လဲခန်းအတွင်းရှိတောင်းထဲသို့ ထည့်ပေးပါ။
ဧည့်ကြိုကောင်တာ ပြီးဆုံးကြောင်းစစ်ဆေးပါမည်။ ပင်ပန်းသွားပါပြီ။
စမ်းသပ်စစ်ဆေးမှုမစမီ သတိပြုရမည့်အချက်များ
■အစားအသောက်
စစ်ဆေးမှုခံယူမည့်နေ့တွင် မနက်စာမစားရပါ။
စစ်ဆေးမှုခံယူမည့်နေ့၏ ရှေ့ရက်တွင် ညစာကို ည ၉ နာရီမတိုင်ခင် စားပါ။ ပင်လယ်ရေညှိနှင့် အမျှင်ဓာတ်များသည့်အစားအစာများကိုရှောင်ပြီး အစာကြေလွယ်သည့်အစားအစာများကိုစားပါ။ ■ကိုယ်လက်လှုပ်ရှားမှု
စစ်ဆေးမှုတွင် သက်ရောက်မှုများရှိနိုင်သည့်အတွက် အလုံးစုံကျန်းမာရေးစစ်ဆေးမှု(Dock)ခံယူမည့်နေ့နှင့် ရှေ့ရက်တွင် ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများမပြုလုပ်ပါနှင့်။

TOP