အသေးစိတ်စစ်ဆေးပြီး ရှင်းလင်းတိကျသည့် ဆွေးနွေးမှုရယူနိုင်သည်
နိုင်ငံတွင်းအဆင့်မြင့်ဆုံးသော အလုံးစုံကျန်းမာရေးစစ်ဆေးမှု(Dock)အား အေးဆေးသက်သာစွာ ခံယူလိုက်ပါ
ဆေးရုံအုပ်၏ မိတ်ဆက်စကား


ဆေးရုံအုပ် အိနော့အုအဲ ဆိုး

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပျမ်းမျှလူ့သက်တမ်းက ၆၆ နှစ်ဖြစ်ပြီး ဆေးကုသရေးအခန်းကဏ္ဍမပြည့်စုံမှုက ပြဿနာတစ်ရပ်အဖြစ်ရှိနေပါတယ်။ နှစ်စဥ် လူတစ်သိန်းခန့် ထိုင်း၊ စင်ကာပူအစရှိတဲ့ အိမ်နီးချင်းနိုင်ငံများရှိ ဆေးရုံများကိုအသုံးပြုနေကြပါတယ်။

Sanshikai က ပထမဆုံးသော ဂျပန်ဆေးကုသမှုအဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ ဂျပန်လူမျိုးဆရာဝန်၊ သူနာပြုများအမြဲရှိတဲ့ ပြင်ပလူနာဆေးခန်းနှင့် ခန္ဓာကိုယ်တွင်းကြည့်မှန်ပြောင်းအစရှိသော ဂျပန်နိုင်ငံမှဆေးကုသရေးကိရိယာများကိုအသုံးပြုတဲ့ ကျန်းမာရေးစစ်ဆေးမှုစင်တာကို ပြည်တွင်းလုပ်ငန်းရှင်နှင့်အကျိုးတူပူးပေါင်းပြီး မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်မြို့ မြို့လယ်ပိုင်းတွင်ဖွင့်လှစ်ခဲ့ပါတယ်။ 

မြန်မာလူမျိုးများ၊ မြန်မာနိုင်ငံတွင်နေထိုင်အလုပ်လုပ်ကိုင်ကြသူများ၊ ဂျပန်နိုင်ငံသို့သွားရောက်မည့်သူများစသည်တို့ စိတ်ချယုံကြည်စွာ စစ်ဆေးမှုခံယူနိုင်တဲ့ ပြင်ပလူနာရောဂါရှာဖွေကုသရေးနှင့် ကျန်းမာရေးစစ်ဆေးမှုအစရှိတဲ့ ဂျပန်နိုင်ငံ၏အရည်အသွေးမြင့် ဆေးဖက်ဆိုင်ရာဝန်ဆောင်မှုများအား ဂျပန်အာမခံလုပ်ငန်းနှင့်လည်းချိတ်ဆက်၍ ဆောင်ရွက်ပေးလျက်ရှိပါတယ်။



Dr. Su Mon Han

Yangon Japan Medical Centre မှ ကြိုဆိုပါတယ်။ ကျွန်ုပ်တို့သည် သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက်

အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့အတွက် ရောက်ရှိနေပါသည်။ကျွနု်ပ်တို မျှော်မှန်းချက်သည် ဂျပန်နှင့် မြန်မာ ပူးပေါင်း၍ အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်းဖြင့် မြန်မာပြည်ကို အကျိုးပြုချင်ပါသည်။ YJMCသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းအား ရင်းနှီးမြုပ်နှံထားသော ဆေးခ ဂျပန်အဆင့်မှီဝန်ဆောင်မှုများနှင့် ဂျပန်ခေတ်မှီစက်ကြီးများဖြင့် ကျန်းမာရေးဆေးစစ်ဆေးခြင်း၊ ပြင်ပလူနာများအား ကြည့်ရှုကုသပေးခြင်းများကို ဝန်ဆောင်မှုပေးနေပါသည် 

YJMC ၏ အကောင်းဆုံး ဝန်ဆောင်မှု၊ ဂရုစိုက်မှုများကို သိရှိနိုင်ရန် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

မျှော်မှန်းချက်
  • စိတ်နှင့် ခန္ဓာကိုယ်ကျန်းမာရေးထိန်းသိမ်းမြှင့်တင်ရန်
  • ဒေသ၊ လူ့အဖွဲ့အစည်းအတွင်း ကျန်းမာကြံ့ခိုင်သည့်လူနေမှုဘဝကိုတည်ဆောက်ရန်
  • ရောဂါကာကွယ်တားဆီးရန်နှင့် ပတ်ဝန်းကျင်တိုးတက်ကောင်းမွန်စေရန်
အခြေခံမူဝါဒ
  1. တစ်ဦးတစ်ယောက်စီအတွက် သီးသန့်ကျန်းမာရေးတည်ဆောက်မှုကိုကူညီလုပ်ဆောင်မည်။
  2. အရည်အသွေးစစ်ဆေးထိန်းချုပ်ထားသည့် အရည်အသွေးမြင့်ကျန်းမာရေးစစ်ဆေးမှုကို ရည်ရွယ်လုပ်ဆောင်မည်။
  3. စိတ်ချမ်းသာစွာ စစ်ဆေးမှုခံယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်။
  4. စစ်ဆေးမှုရလဒ်ကိုအခြေခံ၍ သင့်လျော်သည့်ကုသမှုများလုပ်ဆောင်နိုင်ရန် ကူညီလုပ်ဆောင်မည်။
  5. လိုအပ်ပြီး စိတ်ချရသည့်ကျန်းမာရေးနှင့်ဆေးကုသမှုအချက်အလက်များကို ပေးပို့မည်။
  6. ဒေသ၊ လူ့အဖွဲ့အစည်း၏ ကျန်းမာရေးမြှင့်တင်မှုဆောင်ရွက်ချက်များကို ကူညီလုပ်ဆောင်မည်။
  7. နေထိုင်မှုအလေ့အကျင့်နှင့် အလုပ်ခွင်ပြုပြင်ပြောင်းလဲရေးများအား ကူညီပူးပေါင်းလုပ်ဆောင်မည်။
  8. လုပ်ငန်းအရဆက်စပ်နေသည့် ပုဂ္ဂလိကအချက်အလက်များဆိုင်ရာ လုံခြုံရေးတာဝန်ကို အလေးထားလုပ်ဆောင်မည်။
အလုံးစုံကျန်းမာရေးစစ်ဆေးမှု(Dock)၊ ကျန်းမာရေးစစ်ဆေးမှုနှင့် အလုပ်ခွင်အတိုင်ပင်ခံဆရာဝန်စသည့်လုပ်ဆောင်ချက်များမှတဆင့် အားလုံးကျန်းမာ၍ သာယာပျော်ရွှင်ဖွယ်နေထိုင်လုပ်ကိုင်မှုများ လုပ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမည်။
Yangon Japan Medical Centre အကြောင်းအကျဥ်းချုပ်
အမည်Yangon Japan Medical Centre
လိပ်စာက/၁၆၈၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဆေးရုံအုပ်အိနော့အုအဲ ဆိုး (Inoue So)
မန်နေဂျာဦးအောင်ကျော်မြင့်
ဖွင့်လှစ်သည့်ရက်စွဲSeptember 2018
အဆောက်အအုံ၂ ထပ်အဆောက်အဦး
အခန်းဖွဲ့လမ်းညွှန်
အခန်းဖွဲ့စည်းပုံလမ်းညွှန်
ဒုတိယထပ် - သွေးထုတ်ယူခြင်း၊ သွေးဖိအားတိုင်းခြင်း၊ မျက်စိစမ်းသပ်ခြင်း၊ အရပ်နှင့်ကိုယ်အလေးချိန်တိုင်းခြင်း၊ အာလ်ထရာဆောင်းရိုက်ခြင်း၊ ECGရိုက်ခြင်း၊ မျက်လုံးအခြေ(Funduscopy)စစ်ဆေးခြင်း၊ မျက်လုံးတွင်းဖိအားစစ်ဆေးခြင်း၊ အရိုးသိပ်သည်းဆစစ်ဆေးခြင်း၊ အဆုတ်၏လုပ်ဆောင်ချက်စစ်ဆေးခြင်း
ပထမထပ် - ဧည့်ကြိုကောင်တာ၊ ဆေးဆိုင်၊ စမ်းသပ်ခန်း၊ ဆေးကုသခန်း၊ ခန္ဓာကိုယ်တွင်းကြည့်မှန်ပြောင်းခန်း၊ X-ray ခန်း၊ ဓါတ်ခွဲခန်း
Sanshikai အုပ်စု
Sanshikai အုပ်စုအကြောင်းမိတ်ဆက် https://www.tomei.or.jp/

TOP