အမေးများသည့်မေးခွန်းများ
မေး။ ကျန်းမာရေးစစ်ဆေးမှုခံယူချင်ပါသည်။ မည်သို့လုပ်ဆောင်ရပါမည်နည်း။
ဖြေ။ ကြိုတင်ချိန်းဆိုမှုစနစ်ဖြစ်သည့်အတွက် ဖုန်းဖြင့်ကြိုတင်ရက်ချိန်းရယူပါ။
အမည်၊ လိပ်စာ၊ မွေးနေ့၊ ကျန်းမာရေးအာမခံအမျိုးအစား စသည့်အချက်အလက်များပြောပြရန်လိုအပ်ပါသည်။
မေး။ စစ်ဆေးမှုအတွက်အချိန်မည်မျှကြာမြင့်ပါသနည်း။
ဖြေ။ ထိုနေ့ရက်တွင် စစ်ဆေးမှုခံယူသည့်လူဦးရေ၊ စစ်ဆေးမှုအမျိုးအစားပေါ်တွင်မူတည်သော်လည်း သာမန်ကျန်းမာရေးစစ်ဆေးမှုဆိုလျှင် ၁နာရီခွဲမှ ၂နာရီခန့်၊ နေ့ချင်းပြီး အလုံးစုံကျန်းမာရေးစစ်ဆေးမှုအတွက်ဆိုလျှင် ၃နာရီမှ ၄နာရီခန့်ကြာမြင့်နိုင်ပါသည်။
မေး။ စစ်ဆေးမှုခံယူသည့်နေ့တွင် ကျန်းမာရေးမကောင်းပါက မည်သို့လုပ်ဆောင်ရပါမည်နည်း။
ဖြေ။ တိကျမှန်ကန်သည့် စစ်ဆေးမှုဖြစ်စေရန်အတွက် ရောဂါလက္ခဏာမရှိသည့်အခြေအနေတွင် စစ်ဆေးမှုခံယူရန်တိုက်တွန်းလိုပါသည်။ သို့ရာတွင် ကြိုတင်ချိန်းဆိုမှုအားပြောင်းလဲရန်ခက်ခဲသည့်အခြေအနေဆိုလျှင် အချို့သောရလဒ်ကိန်းဂဏန်းများတွင် အနည်းငယ်ကွာဟချက်ရှိနိုင်သည်ကို နားလည်လက်ခံပြီး စစ်ဆေးမှုခံယူနိုင်ပါသည်။
မေး။ ဓမ္မတာလာနေစဥ် စစ်ဆေးမှုခံယူ၍ရပါသလား။
ဖြေ။ ကျန်းမာရေးစစ်ဆေးမှုအတွက်တွင် ပြဿနာမရှိသော်လည်း၊ ဆီးနှင့် ဝမ်းစစ်ဆေးမှုတွင် သွေးပါဝင်သည့်အဖြေထွက်နိုင်ချေများသည့်အတွက် ဖြစ်နိုင်လျှင် ရက်ပြောင်းလဲရန်တိုက်တွန်းပါသည်။
မေး။ သာမန်ကျန်းမာရေးစစ်ဆေးမှု Course အပြင် ထပ်တိုးစစ်ဆေးမှုများပြုလုပ်၍ရနိုင်ပါသလား။
ဖြေ။ သာမန်စစ်ဆေးမှု Course တွင် ထပ်ပေါင်းထည့်နိုင်သည့် Optional စစ်ဆေးမှုများကိုလည်း အမြောက်အများစီစဥ်ထားပါသည်။
အချို့စစ်ဆေးမှုများအတွက် စစ်ဆေးမည့်နေ့တွင်ထပ်ပေါင်းထည့်ရန်တောင်းဆို၍ရနိုင်သော်လည်း ကြိုတင်ချိန်းဆိုရန်လိုအပ်သည့် စစ်ဆေးမှုများလည်းရှိသည့်အတွက် တတ်နိုင်သမျှ စစ်ဆေးမှုမခံယူမီတစ်ပတ်မတိုင်မီ ဖုန်းဖြင့်အကြောင်းကြားပေးပါ။
မေး။ စစ်ဆေးမှုရလဒ်ရရန် မည်မျှကြာပါသနည်း။
ဖြေ။ စစ်ဆေးမှုရလဒ်မှာ စစ်ဆေးမှုခံယူပြီးနောက် ခန့်မှန်းခြေတစ်ပတ်အတွင်းရရှိပါသည်။ (ပိတ်ရက်ရှည်၊ နှစ်သစ်ကူးပိတ်ရက်များခံသွားလျှင် နောက်ကျသွားနိုင်ပါသည်)
မေး။ လွန်ခဲ့သည့်လအနည်းငယ်ခန့်က X-Ray ရိုက်ခဲ့ပါသည်။ ယခုအကြိမ်တွင် X-Ray ရိုက်၍အဆင်ပြေမပြေသိချင်ပါသည်။
ဖြေ။ လှိုင်းပြန့်နှုန်း 200mGy/Day ထက်နည်းလျှင် ထိခိုက်မှုမရှိဟု သတ်မှတ်ပါသည်။ ဤစင်တာတွင် ရင်ခေါင်းပိုင်း X-Ray ရိုက်လျှင် လှိုင်းပြန့်နှုန်းမှာ 0.07mGy ဖြစ်ပါသည်။(ဂျပန်နှင့် နယူးယောက်ကို လေယာဥ်ဖြင့်အသွားအပြန်သွားလျှင် လှိုင်းပြန့်နှုန်းမှာ 0.25mGy)
မေး။ X-Ray ရိုက်ပြီးနောက်မှ ကိုယ်ဝန်ရှိကြောင်းသိခဲ့ရပါသည်။ အဆင်ပြေနိုင်ပါ့မလား။
ဖြေ။ သန္ဓေတည်ပြီးချိန်မှ နှစ်ပတ်အတွင်းတွင် ရိုက်သည်ဆိုလျှင် စိုးရိမ်စရာမရှိပါ။ ထို့နောက်ပိုင်းဆိုလျှင်လည်း သန္ဓေသားပုံသဏ္ဍာန်မမှန်ခြင်းဖြစ်စေနိုင်သည့်လှိုင်းပမာဏမှာ 100mGy ခန့်ဖြစ်သည့်အတွက် X-Ray ရိုက်ချိန်လှိုင်းပမာဏမှာ 10mGy ထက်နည်းသည့် လှိုင်းဖြစ်၍ သန္ဓေသားထိခိုက်မည်ကို စိုးရိမ်ရန်မလိုအပ်သော်လည်း စိုးရိမ်လျှင် ပြသနေသည့် သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
မေး။ အစာအိမ်စစ်ဆေးမှုလုပ်ရန်ရှိပါသည်။ ကျန်းမာရေးစစ်ဆေးမှုခံယူမည့်နေ့တွင် ပုံမှန်သောက်နေကျဆေးများသောက်သုံး၍ရပါသလား။
ဖြေ။ အခြေခံအားဖြင့် ဆေးမသောက်စေလိုသော်လည်း မသောက်မဖြစ်သောက်ရမည့် ဆေးများလည်းရှိနိုင်သည့်အတွက် ပုံမှန်ပြနေကျဆရာဝန်နှင့်တိုင်ပင်ပြီးဆုံးဖြတ်ပါ။ အကယ်၍ ဆေးသောက်ထားသည်ဆိုလျှင် သောက်သုံးသည့်ဆေးပမာဏနှင့် အချိန်ကို စာရင်းသွင်းချိန်တွင် ပြောပြပေးပါ။
မေး။ ခရက်ဒစ်ကဒ်သုံး၍ရပါသလား။
ဖြေ။ VISA, Master, JCB, MPU ကဒ်များသုံး၍ရပါသည်။
စုံစမ်းရန်
  အကြောင်းအရာ
  အမည်
  Email
  Confirm Email
  မေးမြန်းလိုသည့်အကြောင်းအရာ
  ဖုန်းနံပါတ် : 01-502776
လမ်းညွှန်
လိပ်စာ
က/၁၆၈၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ဘတ်စ်ကားနံပါတ်
၁၁  ၂၀  ၅၉  ၆၁  ၈၀
11  20  59  61  80 ဘတ်စ်ကားမှတ်တိုင်
လင့်လမ်းမှတ်တိုင် မော်တော်ကားဆိုလျှင်
ကား ၈ စီးခန့်ရပ်နားနိုင်သော်လည်း အခြားသူများလည်းအသုံးပြုနိုင်ရန် တတ်နိုင်သမျှ ကားပေါ်မှဆင်းပြီးနောက် ယာဥ်မောင်းသူမှ အခြားနေရာတွင်ရွှေ့ပြောင်းစောင့်ဆိုင်းပေးပါရန် ပန်ကြားအပ်ပါသည်။

TOP